မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာအုပ်၊ စာစောင်ပြပွဲပြုလုပ်

မက်မန်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌန၊ (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြပွဲကို ဩဂုတ်လ၂၇ရက်နေ့ မွန်းလွဲ () နာရီချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးတက်စေရေးအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အာဇာနည်နေ့အကြောင်း၊ အမျိုးသားအောင်ပွဲနေ့၊ပြည်ထောင်စုနေ့အကြောင်း၊ လွတ်လပ်ရေးနေ့နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနှင့်သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး မသန်စွမ်းဆိုင်ရာကိစ္စများ၊ ကျန်းမာရေး၊စီးပွားရေး၊ လူမှုရေးနှင့် စိုက်ပျိုးရေး အစရှိသဖြင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြသခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ပြသဆောင်ရွက်လျက်ရှိကြောင်းလက်ထောက် ညွှန်ကြားရေးမှူးဒေါ်ဥမ္မာချိုက ပြောကြားသည်။

အဆိုပါ စာအုပ်/စာစောင်ပြသပွဲကို ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)