လဲချား စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ပါသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၉)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး (၆၅၇)ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေ (၂၈၃၉၅၀၀၀)ကျပ်ကို ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး စာရေးဝန်ထမ်းများမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)