မိုင်းဖြတ်မြို့နယ် မြို့မ​စျေး၌ သွေးလွန်တုပ်​ကွေး​ရောဂါကြိုတင်ကာကွယ်​ရေး ခြင်​ဆေးဖျန်းခြင်း ​ပူး​ပေါင်းဆောင်ရွက်

မိုင်းဖြတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စည်ပင်သာယာမြို့မ​စျေး၌ ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မိုင်းဖြတ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကိုစိုး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦး​ကျော်နိုင်တို့၏ ဦး​ဆောင်မှုဖြင့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ​မြို့မ​စျေး​ကော်မတီဝင်များက မြို့မ​စျေးရှိ ​စျေးဆိုင်ခန်းများ၌  ခြင်​ဆေးဖျန်းခြင်းလုပ်ငန်းကို ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)