သတင်းများ

အသေးစား စက်မှုလက်မှုလုပ်ငန်းများထုတ်လုပ်နိုင်ရေး မုံရွာမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Sep 04,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ပိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော  တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
လွိုင်ကော်မြို့ သီရိမင်္ဂလာဗဟိုဈေးအဆင့်မြှင့်တင်နေမှုနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Sep 04,2023
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် သီရိမင်္ဂလာဗဟိုဈေး အဆင့်မြှင့်တင်နေမှု ဈေးအတွင်းရောင်းဝယ်ဖောက်ကားနေမှုများနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရေတာရှည်မြို့နယ်ရှိ စိုက်ပျိုးရေးမွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်တွင်  ရောက်ရှိလာပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံပေး
Sep 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဟုမ္မလင်းမြို့နယ်၌ အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်​ကျွေးပေး
Sep 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ​စက်တင်ဘာ(၄)ရက်နေ့မှ (၆)ရက်နေ့ထိ နံနက်(၈)နာရီအချိန်က ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်
Sep 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကာကွယ်ဆေးထိုး /ဆေးတိုက်ခြင်း‌များ ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်‌ရှိ ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစတင်ဆောင်ရွက်
Sep 04,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှုမြန်ဆန်‌စေရေးနှင့်မြို့သာယာလှပ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့မှစ၍ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။