သနပ်ပင်မြို့နယ်၌ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်

သနပ်ပင် စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  ယနေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကာကွယ်ဆေးထိုး /ဆေးတိုက်ခြင်း‌များ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ  အသက် (၂) အောက်ကလေးငယ်မျာအား မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဆရာ၊ ဆရာမများက ကလေးများတွင်‌ ဖြစ်လေ့ဖြစ်ထရှိသော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) နှင့်၊ ဝက်သက်-ဂျိုက်သိုး၊ ပိုလီယိုအကြောသေ၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး သနပ်ပင်မြို့အတွင်းရှိ   ကျေးလက်ကျန်းမာရေး ဆေးခန်းများတွင်လည်း  လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)