သတင်းများ

ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ်အတွက်ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေး ငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးငယ်များအတွက်(MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေများ    လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့ အ.မ.က (မိုင်းယိုင်း) ကျောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Sep 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်း (မိုင်းယိုင်း)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက် ငှားရမ်းပေး
Sep 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  သွားရောက်ငှားားရမ်းပေးခဲ့သည်။ 
ပင်လောင်းမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Sep 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များနှင့် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ  အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Sep 04,2023
ပြည်သူများ စာပေဖတ်ရှု့လေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/သူများပူးပေါင်းကာ စာရေးဆရာ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန ခန်းမ‌နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိ
Sep 04,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် မြို့ပေါ် (၈)ရပ်ကွက်မှ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။