ဒိုက်ဦး စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အ.လ.က (ခွဲ) ရှမ်းစု၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး အသိပညာပေးအကြောင်းကို ဟောပြောပြီးနောက် ကျောင်း၏အပြင်မုန့်စားတန်းရှိ မုန့်မျိုးစုံရောင်းချနေသောဆိုင်များတွင် မုန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်သားများပြည့်စုံစွာ ဖော်ပြထားမှုရှိမရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူ ၁၀၇ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)