အသေးစား စက်မှုလက်မှုလုပ်ငန်းများထုတ်လုပ်နိုင်ရေး မုံရွာမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ၊ စက်တင်ဘာ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ပိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော  တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန် မုန့်လုပ်နည်းပညာအမျိုးမျိုးကို လက်တွေ့နယ်ပယ်တွင် မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်ကြရန်၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် အသက်မွေးနိုင်ရေးတပိုင်တစ်နိုင်လုပ်ငန်းများ ထုတ်လုပ်သွားကြရန်နှင့် သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားပြီး နောက်စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဖြိုးအောင်က သင်တန်းသား၊ သင်တန်းသူများထံသို့ သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက  သင်တန်းသားသင်တန်းသူများထံသို့ တန်ဖိုးမြှင့်စားသောက်ကုန်များကိုလည်းကောင်း အသီးသီးလက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူ မနန်းဖြူမွမ်းစံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တာဝန်ရှိသူများနှင့် အတူ  အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဩဂုတ်လ(၂၉)ရက်မှ စက်တင်ဘာလ()ရက်နေ့အထိ ရက်သတ္တတစ်ပတ်အကြာဖွင့်လှစ်၍ နံကထိုင်၊ လျှာပေါ်ဝဲ၊ နှမ်းကပ်၊ ကြက်ဥထောပတ်၊ စတော်ဘယ်ရီပေါင်မုန့်၊ နိုးစမ်းကိတ်၊ကြက်သားပေါင်မုန့်၊ အုန်းယို၊ ငှက်ပျောကိတ်စသည့် ကွတ်ကီးအမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊   တန်ဖိုးမြှင့်စားသောက်ကုန် ပြုလုပ်နည်း(၂၁)မျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကာ သင်တန်းသားသင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)