ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းသင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ
Sep 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာရေး၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှု စွမ်းရည်ကိုဖော်ပြသော စစ်ဆေးတိုင်းတာမှုဖြစ်စေရေး၊ အခြေခံပညာအဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားစေရေးတို့အား ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်အဆင့်အခြေခံပညာမူလတန်းသင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။