ပိုင်ကျုံ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးနှင့်မြို့သာယာလှပရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့မှစ၍ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းသည် အရှည် (၅၁၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု(၆)လက်မရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၁၉.၈၃၀)သန်းဖြင့် လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင် အချိန်မီပြီးစီးရေးအတွက် ပိုင်ကျုံမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါလုပ်ငန်းများပြီးစီးပါက အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာရေးအတွက် အဆင်ပြေလွယ်ကူစေပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)