သတင်းများ

ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ယာဉ်မောင်း(မွမ်းမံ)သင်တန်းဖွင့်ပွဲပြုလုပ်
Sep 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှကျင်းပသောယာဉ်မောင်း (မွမ်းမံ)သင်တန်းအမှတ်စဉ် (၄/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်‎ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်‎ရောက်ခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးကူညီစောင့်ရှောက်မှု ဆောင်ရွက်
Sep 04,2023
ရန်ကုန်မြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့မှစ၍ ထူးကဲဒီရေတက်သည့် ကာလအတွင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကြီးနှင့်ကီလီ (ဝါးတန်းဆိပ်ကမ်း) သို့ ပြေးဆွဲမောင်းနှင်လျက်ရှိသည့် ရွှေရန်ကုန်စက်တပ် ရေယာဉ် (သမ္ဗန်) ဂိတ်တွင် ရေယာဉ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိစေရေး ကူညီစောင့်ရှောက်ပေးခြင်းကို မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက် ရှိသည်။
ရှမ်းရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Sep 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ကြေးများကို လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် မြန်အောင်မြို့ အမှတ်(၆) ရပ်ကွက် စက်ကွင်းတွင် ဆန် ၂၅၀ ပြည် ရောင်းချပေး
Sep 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှုဖြင့် ယနေ့နံနက်က ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် စက်ကွင်းတွင် ဆန် ၂၅၀ ပြည် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆန်၊ ဆီများ ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေး
Sep 04,2023
ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကွပ်ကဲမှုဖြင့် ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာလာရောက် ရောင်းချပေးခဲ့သည်။
ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးသင်တန်း စတုတ္ထအကြိမ် (အခမဲ့)ဖွင့်လှစ်
Sep 04,2023
မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးရန် ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက အခြေခံ ကရာတေးသင်တန်း စတုထ္တအကြိမ်(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Sep 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ရပ်ကွက်ရှိ  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိသည်။