ရေတာရှည် စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်တွင် ရောက်ရှိလာပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန်ကျေးရွာရှိ ဟိန်းမုန့်ဖတ်ခြောက်စက်လုပ်ငန်းတွင် Gasifire ဖြင့် ထုတ်လုပ်သည့် ဓါတ်အားကို မုန့်ဖက်ခြောက် စက်လုပ်ငန်းတွင် ပြန်လည်အသုံးပြုနေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော သပြေတန်းကျေးရွာ၊ ရွာလယ်လမ်းကွန်ကရစ်လမ်း(၃၂၀၀’ x ၁၂ ‘× ၆’ ) ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၊ တောင်သူဦးလင်း၏ နှံကောက်မျိုးစေ့ထုတ်စိုက်ခင်း(၂၁)ဧကနှင့် ခေါင်နှံရက်(၉၀)မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၅)ဧကစိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)