သတင်းများ

ပြင်ဦးလွင်မြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီဝယ်ယူရရှိနိုင်ရေး စီစဉ်ဆောက်ရွက်
Sep 05,2023
စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့နှံရောက်ရှိစေရန်နှင့် စားသုံးသူများ သက်သာသောဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့် မွန်းတည့် ၁၂ နာရီအထိ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက  မော်တော်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂)၊ ဈေးလေးလမ်းဆုံမီးပွိုင့်အနီး၊ သုမင်္ဂလာဈေးရှေ့တွင် စားသုံးဆီများအား သက်သာသော နှုန်းထားများဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့၌ မြို့နယ်စည်သာယာရေးအဖွဲ့မှ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေး
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့က ဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့နံနက်( ၇)နာရီက သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ မြို့နယ်စည်ပင်ဈေးဖြင့် သတ်​မှတ်ပေးထားသည့် ဈေးရောင်းပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ် လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 05,2023
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) ကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) ဝန်ထမ်းသင်တန်းဖွင့်ပွဲနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 05,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)အလွန်ကာလ စစ်တွေမြို့နှင့်အနီးပတ်ဝန်း ကျင်ဒေသစိမ်းလန်းစိုပြေရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) ဝန်ထမ်းသင်တန်းဖွင့်ပွဲနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ထားဝယ်တက္ကသိုလ်၌ လူငယ်နှင့်လောကနီတိခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ်လူငယ်နှင့် လောကနီတိခေါင်းစဉ်ဖြင့်အသိပညာ ပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးနှင့်ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ (၂၀၀)ဦးခန့်စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြသည်။
တပ်ကုန်းမြို့၌ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်အသင်း ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နေပြည်ကောင်စီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း၊ ဆီစက်လုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကရသူရိမြို့၌ တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံမိဘပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိရာကွမ်းရွက်ဈေးကောင်းရ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကျောက်တော်မြို့ သရက်တပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့်ဆွေးနွေးပြောဆို ပြုမူတတ်စေရန်စသည့် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။