သပိတ်ကျင်း စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့က ဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့နံနက်( ၇)နာရီက သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ မြို့နယ်စည်ပင်ဈေးဖြင့် သတ်မှတ်ပေးထားသည့် ဈေးရောင်းပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါစျေးရောင်းပွဲတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကိုကိုကျော်၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ ကြက်သား ၁ပိသာလျှင် ၈၀၀၀ကျပ်၊ အမဲသား ၁ ပိသာလျှင် ၁၂၀၀၀၊ ဝက်သား ၁ ပိသာလျှင် ၁၅၀၀၀၊ ကြက်ဥ ၁ လုံးလျှင် ၂၄၀ ကျပ်၊ ဆီ ၁ ပိသာလျှင် ၉၀၀၀ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ရာ မြို့ပေါ်နေပြည်သူ (၂၅၀)ဦးခန့် လာရောက်ဈေးဝယ်ယူခဲ့ကြသည်။
စျေးရောင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည်ရှုအားပေးခဲ့ကြပြီး မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများက ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)