သတင်းများ

လောင်းလုံးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ
Sep 05,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်
Sep 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာပေါက်ပေါက်၏ စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာ စာအုပ်အား  ယနေ့နံနက် (၁၀) နာရီအချိန်က   Community Centre ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Sep 05,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မေခလာ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာမြို့နယ်တွင် ပြည်သူများအတွက် စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ တာကလေးရပ်ကွက်၊ ကျောက်တော်ကြီး ဘုရားဝန်းနှင့် လယ်တော်မြို့သစ် ကာကြီးဝန်းတို့တွင်လည်း ရောင်းချခဲ့ကြသည်။
ကံမမြို့နယ် ခြောက်ပင်ကျေးရွာ အ.ထ.က(ခွဲ)ခြောက်ပင်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ခြောက်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခြောက်ပင်၊ ပညာရတနာခန်းမ၌ ယမန့်နေ့နံနက်(၁၁)နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ(၃၄၈)ဦး တက်ရောက်ခဲ့သည်။
မင်းလှမြို့တွင် သားယောင်္ကျားလေး သုံးမွှာပူးကလေးငယ်များနှင့် မိဘများကို မိခင်စုနှင့်ကလေးထောက်ပံ့ကြေးငွေများပေးအပ်
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သားယောင်္ကျားလေးသုံးမွှာပူးကလေးငယ်များနှင့်မိဘများအား မိခင်စုနှင့်ကလေး ထောက်ပံ့ကြေးငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။