တပ်ကုန်းမြို့၌ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်အသင်း ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တပ်ကုန်း စက်တင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နေပြည်ကောင်စီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း၊ ဆီစက်လုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါအသင်းဖွဲ့စည်းရေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME) အသင်းဥက္ကဋ္ဌ ဦးကျော်စိုးလွင်က  ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ သတ်မှတ်လိုင်စင်များ ပြုလုပ်ထားရေးနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME) အသင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခြင်း၊ နေပြည်တော်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ဆန်စက်များ မှတ်ပုံတင်ရေးလုပ်ငန်း၊ စပါးသိုလှောင်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၏ သဘောတူညီချက်ဖြင့် ဆန်စက်နှင့်ဆီစက် လုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင် ကော်မတီအဖွဲ့များ ရွေးချယ်အတည်ပြုခဲ့ကြပြီးနောက် Uab ဘဏ်မှ မန်နေဂျာ ဒေါ်ဆုလွင်သက်က ဘဏ်ချေးငွေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်