သတင်းများ

မြင်းခြံတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ရိုးရာခြင်းအလှခတ်ပြပွဲပြုလုပ်
Sep 05,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ရိုးရာခြင်းအလှခတ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က အဆိုပါ တက္ကသိုလ် အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး
Sep 05,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကုန်ဘောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်(၁)စံပြကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေဆုံခဲ့ကြသည်။
မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP)အစီ အစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘော်လီဘောနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 05,2023
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြိုနယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တောင်ညိုကျေးရွာ(ယာယီ)နယ်​မြေမီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
ဘူးသီးတောင်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး
Sep 05,2023
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့် တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ( အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့နေလယ်(၁) နာရီအချိန်က ဂန္ဓာရီပရဟိတ ကျောင်းသို့သွားရောက်ကာ (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Sep 05,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။