ပြင်ဦးလွင် စက်တင်ဘာ ၄
စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့နှံရောက်ရှိစေရန်နှင့် စားသုံးသူများ သက်သာသောဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့် မွန်းတည့် ၁၂ နာရီအထိ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂)၊ ဈေးလေးလမ်းဆုံမီးပွိုင့်အနီး၊ သုမင်္ဂလာဈေးရှေ့တွင် စားသုံးဆီများအား သက်သာသော နှုန်းထားများဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် တစ်ဦးလျှင် စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ်(၄,၆၅၀/-)နှုန်းဖြင့် စုစုပေါင်းစားအုန်းဆီ(၅၅၀)ပိဿာအား ရောင်းချပေးခဲ့ပြီး အဆိုပါ စားသုံးဆီ ရောင်းချသည့်နေရာ၌ တန်းစီစနစ်ဖြင့် စနစ်တကျ ရောင်းချနိုင်ရေးအတွက် ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်လွင်ထူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး(ဈေး) ဦးတင်ကိုကိုနှင့် သုမင်္ဂလာဈေးမှတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)