ထားဝယ် စက်တင်ဘာ ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ်လူငယ်နှင့် လောကနီတိခေါင်းစဉ်ဖြင့်အသိပညာ ပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးနှင့်ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ (၂၀၀)ဦးခန့်စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင်ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးက ထားဝယ်တက္ကသိုလ်သည် နိုင်ငံတော် တည်ဆောက်သည့်နေရာတွင် လိုအပ်နေသော အရည်အချင်းပြည့် လူ့စွမ်းအား အရင်းအမြစ်များကိုမွေးထုတ်ပေးသော နေရာဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များကို မွေးထုတ်ပေးနိုင်ရန် အတွက်ရည်ရွယ်ခဲ့ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် နိုင်ငံတော်တည် ဆောက်သည့်နေရာတွင် နိုင်ငံတော်က အားထားရသော လူ့စွမ်းအား အရင်းအမြစ်များအဖြစ် အသိပညာရှင်၊ အတက်ပညာရှင်များ ဖြစ်ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ဒုတိယပါမောက္ခချုပ်ဒေါက်တာ မိမိကြီးက လူငယ်နှင့်လောကနီတိခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)