သတင်းများ

တောင်ကြီးမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Jul 23,2025
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)ရပ်ကွက်၊ ဓမ္မဝိမုတ္တိဓမ္မာရုံ၌ ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်၌ အငြိမ်းစားမိဘပြည်သူများအတွက် Unique Identity ကတ်များ ကွင်းဆင်းဆောင်ရွက်
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှလောင်းလုံးမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလိမ်လည် ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့်  e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) ကတ် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက်က နံနက် ၇ နာရီက ထားဝယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
တောင်ကြီးတက္ကသိုလ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းဆောင်ရွက်
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကော်ဖီစိုက်ပျိုးမည့်တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်
Jul 23,2025
ပိုင်ကျုံမြို့တွင် ကော်ဖီ ဧက ၁၀၀ စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၂၃ ဧကအတွက် ပျိုးပင် ၁၀၀၀၀ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် လျာထားဧကပြည့်မီရေးအတွက် ပျိုးပင်များအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော
Jul 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်း ကျောင်း၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 23,2025
‎ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေနံနက်ပိုင်းတွင် ‌နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအ‌ဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှ တာရှိသူများ၊ နေပြည်တော်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်မြို့၌ မြန်မာ-ထိုင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1G1 Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက ပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။