သတင်းများ

လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား တပေါင်းပွဲတော်ဖွင့်ပွဲကျင်းပ
Mar 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါဘုရား အရှေ့ဘက် အာရုံခံတန်ဆောင်းတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးစာရေးသားနည်းသင်တန်းဆင်းပွဲကျင်းပ
Mar 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် စာစီစာကုံးစာရေးသားနည်းသင်တန်းဆင်းပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ Community Centre တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 09,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၊ ဓမ္မဂါရဝကျောင်း၌ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းဝေးအခမ်းနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားသို့ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း)၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ၊မဟာဓမ္မိကာရာမေရွှကျင်တိုက်မကြီး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ (စတုဘုမ္မိက) ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဌသာရ (နဂါးပရိယတ္တိစာသင်တိုက်) အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယက အဖွဲ့ဒုဥက္ကဌဘဒ္ဒန္တပညေသိက၊ စက်ဝန်မင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် (ရွှေကျင်) ဆရာတော်ဘဒ္ဒန္တသောဘိတာ လင်္ကာရ၊ မင်္ဂလာဗိမာန် ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်(သုဓမ္မာ) ဆရာတော် ဘဒ္ဒန္တဝါသဝသိရီ ဇောတိကာရုံကျောင်း၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ချမ်းမြသာစည်မြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒက၊ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ၊အမရပူရမြို့နယ်၊တိုင်းဒေကြီး သံဃာ့နာယကအဖွဲ့ဝင် (သုဓမ္မာ) ဘဒ္ဒန္တအဂ္ဂဉာဏ၊ ဆင်ဖြူမယ်ကျောင်းတိုက်၊ အမရပူရမြို့နယ်၊ ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရ အလယ်တိုက်ကြီး၊ မိုးကောင်းကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တဝိဓူရ သုံးထပ်ကျောင်း၊ မိုးကောင်းကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်တို့ပါတိုင်းသံဃနာယက အဖွဲဝင်ဆရာတော် (၂၇) ပါးနှင့်မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးဦးဝေဇင်ထွန်း၊တိုင်းဒေသကြီးသာသနာရေးညွှန်ကြားရေးမှူးဦးဖြိုး‌ဇော်ဇော်၊ မဟာအောင်မြေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေ၊ တိုင်းရဲတပ်ဖွဲ့မှူးကိုယ်စား မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသောအလှူ ရှင်များစုစုပေါင်းအင်အား (၆၅) ဦးခန့် တက်ရောက်သည်။
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၅ ခုနှစ်အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Mar 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club)အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်(၁၀)နာရီတွင် Community Centre ခန်းမ၌ စာရေးဆရာမ အေးဖြူရေးသားသည့် စိတ်ခွန်အားဖြည့် သုတစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
သူနာပြုတက္ကသိုလ်-မန္တလေး အကြိမ်(၂၀)မြောက်၊(၂၁)ကြိမ် နှင့် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ
Mar 09,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်-မန္တလေး၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်၌ (၈၀) ပြည့်နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် သနပ်ချောင်းပိတ်တမံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ
Mar 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၈၀) ပြည့်နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၇) ရက်နေ့ နံနက် ၆ နာရီခွဲခန့်က တိုက်ကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ၌ ကျင်းပပြုလုပ်သည်။
တိုက်ကြီးမြို့နယ်တွင် ပြည်သူ့ဆေးရုံ(၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲကျင်းပ
Mar 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ပြည်သူ့ဆေးရုံ(၂)ထပ် ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၇ ရက်နေ့နံနက် ၉ နာရီက တိုက်ကြီးမြို့နယ်  ဗောဓိကုန်းရပ်ကွက် ဆေးရုံလမ်းရှိ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးတန်ဖိုးထား အသိပညာ‌ပေးဟောပြောပွဲနှင့် Campaign  လှုပ်ရှားမှု အခမ်းအနားကျင်းပ
Mar 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေး ဆရာအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာရေးအတွက် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးတန်ဖိုးထား အသိပညာပေးဟောပြောပွဲနှင့် Campaign လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို  ယနေ့နံနက် ၁၁  နာရီက လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။