မြင်းခြံ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က ကျောင်းသားကျောင်းသူများအား "ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားဖြစ်သွားပါက ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှမဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရန် လိုအပ်ခြင်း၊ ကလေးအလုပ်သမားများအနေဖြင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာသင်ယူရေး အတူလုပ်ဆောင်နိုင်ရေး စသည်ဖြင့် ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)