သတင်းများ

ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)သုံး ထပ်စာသင်ဆောင်ရှေ့တွင် သစ်တောဦးစီးဌာန ခရိုင်အဆင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်အားပေးခဲ့သည်။
မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှဒေါင်(၁)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ
Jul 23,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး‌ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အ.ထ.က(မိုင်းကိုင်)၌ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းခံရမှုများမရှိစေရေး ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲ ယမန်နေ့ မွန်းလွှဲပိုင်းက အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 23,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လင်းခေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကကြီးမှူး၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့(နွယ်ဝတီ) ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Jul 23,2025
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင်  ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ကလေးစာဖတ်ခန်း၌ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့သည်။