ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာတရားစခန်းတွင် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေး
Jul 22,2025
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ် (၁၂၇)၌ တရားစခန်းဝင်နေကြသော ယောဂီများအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။