ပိုင်ကျုံမြို့၌ ကော်ဖီစိုက်ပျိုးမည့်တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်

ပိုင်ကျုံ  ဇူလိုင် ၂၃

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကော်ဖီစိုက်ပျိုးမည့်‌ တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၂ရက်က ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေး‌အဖွဲ့ဥက္ကဋ္ဌဦးထွန်းလင်းအောင်က ကော်ဖီစိုက်ပျိုးခြင်း၏ရည်ရွယ်ချက်၊ ကော်ဖီစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဖြန့်ဝေသည့်ပျိုးပင်များအား ရှင်သန်‌စေရေးနှင့် စိုက်ပျိုးဧကပြည့်မီ‌‌ပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် တောင်သူများအ‌နေဖြင့် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်း‌ ဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတို့က ကော်ဖီစိုက်ပျိုးမည့်တောင်သူများထံ ပျိုးပင်များထောက်ပံ့ပေးအပ်သည်။ ပိုင်ကျုံမြို့တွင် ကော်ဖီ ဧက ၁၀၀ စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၂၃ ဧကအတွက် ပျိုးပင် ၁၀၀၀၀ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် လျာထားဧကပြည့်မီရေးအတွက် ပျိုးပင်များအား ဆက်လက်ဖြန့်ဝေပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)