ချောင်းဆုံ စက်တင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်တို့မှ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားများနှင့်တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်နေ့ ညနေ (၄)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမတွင် မွန်၊ ကရင် တိုင်းရင်းသားနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှစ်ဦးနှင့်အတူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်စိုးမင်းနှင့်မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ မွန် ကရင်တိုင်းရင်းသားများတက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာသည့် ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များက မိတ်ဆက်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်က အဖွဲ့အမှာစကားပြောကြားရာတွင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲမသာမှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်မှ အကြိမ်ကြိမ်ဖြေရှင်းပေးရန်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းခဲ့သည့်အတွက် တပ်မတော်မှ နိုင်ငံတော်၏အာဏာအရပ်ရပ်အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခေတ္တထိန်းသိမ်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကရင်ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူးစောအဲ့လားမူးက ကွန်ကရိလမ်း ပေ ၃၀၀၀ အား ကတ္တရာခင်းခြင်းဆောင်ရွက်ပေးရန်၊ ကရင်ဝင်းစိန်(အ.ထ.က)ခွဲကျောင်း ပေ ၁၂၀ x ၃၀ ပေ (၂)ထပ်ဆောင်တစ်ဆောင်ဆောက်လုပ်ရန် ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမဆောင်(၂)ထပ်ဆောင်တိုးချဲ့ဆောက်လုပ်ရန်နှင့် ကရင်တိုင်းရင်းသားစာပေသင်ကြားပေးမည့် ဆရာ၊ ဆရာမများ ထပ်မံခန့်ထားပေးရန်တင်ပြခြင်း၊ ကရင်စာပေယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စောလှရှိန် နှီးမုတ်၊ ကမနင်း၊ ဖံဖ၊ ထန်းပင်ကုန်း ကျောင်းတွင်လိုအပ်နေသည့် တိုင်းရင်းသားစာပေ ဆရာ/ဆရာမများခန့်ထားပေးရန်၊ စော်ကဲအုပ်ချုပ်ရေးမှူး စောသန်းနိုင်က စော်ကဲတောင်(အ.မ.က)ကျောင်းတွင် ကျောင်းဆောင်သစ် တစ်ဆောင်ထပ်မံဆောက်လုပ်ပေးရန်၊ မုခနီး-မုကွဲကျေးရွာချင်းဆက်လမ်း အရှည်ပေ(၁၃၅၀၀)၊ အကျယ်(၈)ပေ ကတ္တရာလမ်းအား လမ်းပခုံးတစ်ဖက်စီ(၂)ပေ ထပ်မံတိုးချဲ့ပေးရန်တင်ပြခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်မှူးနှင့် ခရိုင်ပညာရေးမှူးတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြကြောင်း၊ ကရင်စာပေယဉ်ကျေးမှုအဖွဲ့မှ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်(၂)ဦးအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကရင်ဝင်းစိန်တောင်ပေါ်ကြီး ကျောင်းတိုက်သို့ရောက်ရှိခဲ့ပြီးကျောင်းထိုင် ဆရာတော်ဥူးဝီမလအားဖူးမြှော်ကြည်ညိုကာ ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)