မိုးမောက်မြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

မိုးမောက် စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် “First Aid In The Digital World” အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ဆိုင်ရာ အဖွင့်အမှာစကားပြောကြားပြီး မိုးမောက်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝေက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကြက်ခြေနီအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်ပေးပို့သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် သဝဏ်လွှာကိုဖတ်ကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးလှိုင်ကြူမှ ကြက်ခြေနီတပ်ဖွဲ့၏ ဂုဏ်ယူဖွယ်သမိုင်းကြောင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မြို့နယ်၏အကျိုးကို စွမ်းစွမ်းသမန်သယ်ပိုးဆောင်ရွက်နေကြောင်းနှင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့သည် ကမ္ဘာတစ်ဝှစ်လုံးရှိ ကြက်ခြေနီအသင်း/အဖွဲ့များကို ဂုဏ်ပြုသောနေ့ထူးနေ့မြတ်ဖြစ်ပြီး “First Aid In The Digital World” ဆိုင်ရာအကြောင်းများကို အကျယ်တဝင့်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် အသင်းသူ/သား စုစုပေါင်း (၇၂) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်