လွိုင်လင် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး(Snack & Bakery)အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလင်းထင်က သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်၊ သင်တန်းမှ ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က သင်တန်းအထောက်အကူပြုပစ္စည်းများပေးအပ်ရာ သင်တန်းသားများကလက်ခံရယူကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းထောက်ကူပြုပစ္စည်းများကို ကြည့်ရှုအားပေးပြီး သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းတွင် မုန့်လုပ်နည်းအမျိုးမျိုးနှင့် အခြားအိမ်တွင်းမှု လက်မှုပညာသင်တန်းများသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်သားတန်း / သူ ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၇ ရက်ဖြစ်ကြောင်း သိရသည်။။
ခရိုင်ပြန်/ဆက်