ပန်းတောင်း စက်တက်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ထုံးဘို ကျေးရွာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ချိုချို၊ မြို့နယ်စီမံအုပ်ချုပ်ရေ းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ နှင့် ခရိုင်အဆင့်/မြိနယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှယမန်နေ့က ရေဘေးသင့်ရွှေပြောင်းနေထိုင် သည့်အိမ်ထောင်စုများအားထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့ကြောင့်သိရသည်။
အဆိုပါ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် ဧရာဝတီမြစ်ရေတက် ရောက်မှု ကြောင့် နေအိမ်များမှ ခေတ္တရွှေ့ပြောင်းနေထိုင်ရသည့်အိမ်ထောင်စု (၃၆)စု၊ ကျား(၆၅) ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း (၁၂၈)ဦးရှိပြီး လူတစ်ဦး(၁)ရက်လျင် (၃၀၀)ကျပ် နှုန်းဖြင့် (၇)ရက်စာ (၂၁၀၀)ကျပ်စီဖြင့်စုစုပေါင်း (၂၆၈၈၀၀)ကျပ် ပေးအပ်လှူဒါန်း ခဲ့ပြီးရေဝင် ရောက်သည့်နေရာများအားလိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သောအဖွဲ့သည် ပန်းတောင်း မြို့နယ်၊ မကြီးထုံးကျေးရွာအုပ်စု၊ မကြီးထုံးကျေးရွာတွင် ဧရာဝတီ မြစ်ရေဝင် ရောက်မှုကြောင့် ရေနစ်မြုပ်နေသည် မိုးစပါးစိုက်ဧက (၉၅) ဧက၏အခြေ အနေအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)