ယင်းမာပင်မြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ယင်းမာပင်     စက်တင်ဘာ   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို အမှတ်(၂) အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင်  ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုရဲမှူးစိုးဝင်းက ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနိုင်သည့်ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသည် လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် မူးယစ်သုံးစွဲသူဘဝ မရောက်ရှိရန် လိုက်နာသင့် သည့် အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှု များလျော့နည်းပ ပျောက်စေရန် သိရှိလိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောဆွေးနွေး ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ ကြကြောင်းသိရသည်။

ခရိုင်(ပြန်ဆက်)