ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ကံမ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ စက်တင်ဘာ (၆) ရက်မှ (၇) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းနားတစ်လျောက် မြစ်ရေများ ဝင်ရောက်လာသဖြင့် အမှတ်(၁)ရပ်ကွက်၊   အမှတ်(၃) ရပ်ကွက်နှင့် မြဝတီကျေးရွာအုပ်စုတို့ရှိ  ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ  ပြည်သူများအား ရေကင်းလွတ်ရာ  နေရာများသို့    ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါ နေရာများသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   ဝန်ထမ်းများ၊   မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၁) နာရီက  နိုင်ငံတော်မှ  ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ  လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမှတ်(၁)ရပ်ကွက် ရေဘေးရှောင် အိမ်ထောင်စု (၂၀)စု၊ ကျား (၃၃) ဦး၊ မ (၄၀) ဦး ၊ စုစုပေါင်း (၇၃) ဦး၊ အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၇) စု၊ကျား (၉) ဦး၊ မ(၁၀) ဦး၊ စုစုပေါင်း (၁၉) ဦးနှင့် မြဝတီကျေးရွာအုပ်စု၊      မြဝတီကျေးရွာတွင် ရေဘေးရှောင်အိမ်ထောင်စု (၂) စု၊ ကျား (၄) ဦး၊ မ (၁၀) ဦး၊ တို့ဖြစ်ပြီး စုစုပေါင်း အိမ်ခြေ (၂၉) အိမ်၊ အိမ်ထောင်စု (၂၉) စု၊ ကျား (၄၆) ဦး၊ မ (၆၀) ဦး၊ စုစုပေါင်း (၁၀၆) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ လူတစ်ဦးလျှင် (၂၁၀ဝ) ကျပ်နှုန်းဖြင့်  စုစုပေါင်းငွေကျပ် (၂၂၂၆၀ဝ) အား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)