မြို့သစ်မြို့နယ်တွင် ကျေးရွာစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Sep 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် "ဖလန်တိုင်းကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာ၊ ရုံးတောကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၊ လင်းလည်ကျေးရွာအုပ်စု၊ ဒေါ်ယင်းကုန်းကျေးရွာ၊ ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ မြင်သာကျေးရွာ၊ မကြီးချိုကျေးရွာအုပ်စု၊ မကြီးချို(မ) ကျေးရွာ၊ ပုလင်းကြီးကျေးရွာအုပ်စု၊ ပုလင်းကြီးကျေးရွာ" များသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို မြို့သစ်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။