မိုးကောင်း စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ဘဝအတွက်ကျွမ်းကျင်စရာသင်တန်း Life Skill Training ပို့ချသင်ကြားခြင်းကို စက်တင်ဘာ(၁၀)ရက် နံနက် (၉)နာရီတွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ကလေးများနှင့်လူငယ်များအတွက် နေ့စဉ်ဘဝတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုအချို့နှင့် ပတ်သက်ပြီးကူညီပေးရန်နှင့် ပဋိပက္ခများနှင့်ဖိအားများကို မည်သို့ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်း၌ စေတနာ့ဝန်ထမ်းကြက်ခြေနီ(၃၀)ဦးအား Comfort zone ချဲ့ထွင်ခြင်း၊ တက်ကြွစွာ ပါဝင်နားထောင်ခြင်း၊ ရပ်နားရန်ပြောပါ၊ မိမိစွမ်းဆောင်ရည်များနှင့် ယုံကြည်ချက်ရှာဖွေခြင်း၊ စိတ်ဖိအားတွေခံစားနေရလား၊ စိတ်ဖိအားများနှင့်ရင်ဆိုင်ခြင်း၊ ပဋိပက္ခစီမံခန့်ခွဲခြင်းနှင့် မနှင်းဆီလေးရဲပုံပြင် စသည့်သင်ခန်းစာခေါင်းစဉ်(၈)ခုဖြင့် Life Skill Training သင်တန်းကို နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)