အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းရှိ ဧရာရတနာခန်းမ၌ ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်း​ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က လူ့စွမ်း အားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာဖို့အတွက် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းနှင့် ပြည့်စုံမှုမရှိသလို မိသားစုဘဝများ ဖွံဖြိုးတိုးတက်လာဖို့အတွက် နည်းပညာများတတ်မြောက်အောင် လေ့လာသင်ယူကြဘို့ လိုအပ်ကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများ တစ်စုတစ်စည်းတည်း ပေါင်းစည်းညီညွတ်ဖို့အတွက် တိုင်းရင်းသားစာပေယဉ်ကျေးမှုများကိုလည်း နားလည်တတ်ကျွမ်းအောင်သင်ယူကြရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်၍ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိတ်ဆက်စကားပြောကြားခဲ့ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်) ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်စန်းက ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်ရေးအတွက် သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရပ်နီးရပ်ဝေးမှ သင်တန်းသားဦးရေ(၂၁)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)