တောင်ကြီး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဌာန၏ ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည့်လုပ်ငန်းများ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်နွေးထွေးအောင်က ကွန်ပျူတာသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၂၃) ကို သင်တန်းသား ၂၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းကာလတစ်လခွဲ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် လူထုအခြေပြု ဗဟိုဌာန(Community Centre)တွင် ပြည်သူများ ကာယ၊ ဉာဏ စွမ်းရည်ရင့်သန်လာစေရန် သင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)