ကလောမြို့နယ် Community Centre ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကလော စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာပြီး စာဖတ်စွမ်းရည်၊ အတွေးအခေါ်များမြှင့်မားလာစေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပစာပေများ လေ့လာဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကလောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စာရေးဆရာ(နတ်တလင်း)ညွှန့်ဝင်းရေးသားသည့် နိုင်ငံ့သီးပွင့်များ ကဗျာခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)