မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အသင်းဝင်(၁၂)ဦးတို့က မိမိတို့ဖတ်ရှုလေ့လာထားသော စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်မှ လူငယ်နှင့်ပညာဆိုင်ရာစာစုခေါင်းစဥ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)