တောင်ကြီးမြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ မပျောက်ပျက်စေရန်၊ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း ပေးနိုင်ရန်၊ အမိနိုင်ငံတော်ကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရန် ရည်ရွယ်၍ တောင်ကြီးခရိုင်၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။