(၂၀၂၃ ခုနှစ်၊(၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည်  စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ယနေ့နံနက်(၉)နာရီခွဲက ၂၀၂၃ ခုနှစ်၊ ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အဆင့် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ယခင်နှစ်ကထက် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့် ဆုတံဆိပ်များရရှိရေး ကော်မတီဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြိုင်ပွဲများကျင်းပရာတွင်လည်း ခရိုင်ကိုယ်စားပြုအနေဖြင့် ဗဟိုအဆင့်အထိ စနစ်တကျ အကျိုးရှိစွာဖြင့် အကောင်းဆုံး အဆင်မီအောင်ကြိုးစားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။

 ထို့နောက် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များမှ ပြိုင်ပွဲကျင်းပရေး ဦးစီးဆပ်ကော်မတီ ဥက္ကဋ္ဌ များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးဥက္ကဌများက မိမိတို့မြို့နယ်များအလိုက် ဝါသနာရှင်အဆင့်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် ခရိုင်အဆင့်လုပ်ငန်းလုပ်ငန်း ဆပ်ကော်မတီဝင်များကပြိုင်ပွဲနှင့်ပတ်သတ်၍ လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ရာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပြီး ၂၀၂၃ ခုနှစ်ခရိုင်အဆင့် (၂၄)ကြိမ်မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲအား စက်တင်ဘာလ (၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်