ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ပဲခူးမြို့၊ အ.ထ.က(၁)၌ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲအားကျောင်သား/ကျောင်းသူလူငယ်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိအမြင်များရရှိစေရန်၊ အိုဇုန်းလွှာပျက်စီးမှုနှင့်ရာသီဥတုပြောင်းလဲမှုတို့အကြား ဆက်နွယ်ချက်တို့အားသိရှိပြီး အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ကဝ၊ ဝေါ၊ သနပ်ပင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၆၇)ဦးတို့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိန်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် "ရာသီဥတုပြောင်းလဲမှုလျှောချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး"ခေါင်းစဥ်ဖြစ် ပါဝင်ယှဥ်ပြိုင်ကြကြောင်းသိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဇော်မိုး၊ တိုင်းဒေသကြီးပညာရေးမှူး ဆရာကြီးဦးစိုးလွင်နှင့် သက်ဆိုင်ရာဦးစီးဌာနတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)