မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာဟော ပြောပွဲကျင်းပ

မဟာအောင်မြေ စက်တင်ဘာ  ၁၂

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈)အခြေခံပညာ အလယ်တန်းကျောင်း၌ လူငယ်ရေးရာ ဟောပြောပွဲကို  ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် စာရေးဆရာမကြီး ဒေါ်နုနုကြည်(အမေ့အိမ်)က လူငယ်ရေးရာနှင့်ပတ်သက်၍ ကျောင်းသား‌/သူများအနေဖြင့် ပညာရဲ့တန်ဖိုးကိုသိရှိနားလည်ပြီး  ပညာတတ်မှသာလျှင် အမှားအမှန်‌ ဝေဖန်နိုင်မည်ဖြစ်ကြောင်း၊ စာပေတွေကို စနစ်တကျ သင်ယူလေ့လာသင့်ကြောင်း၊ နှစ်စဉ် ကျင်းပပြုလုပ်တဲ့ စက်တင်ဘာလ(၈)ရက်နေ့ဟာ ကမ္ဘာ့စာတတ်‌မြောက်ရေးနေ့ ကျရောက်ခဲ့သည့်အတွက် စာပေဗဟုသုတများကို ကျောင်းနေအရွယ်ကလေးဘဝမှာ အချိန်ပေးပြီး လေ့လာဖတ်ရှုသင့်ကြောင်း မိမိတို့ကျောင်းနေအရွယ်ကလေးဘဝသည် အချိန်ကို တန်းဖိုးရှိရှိအသုံးချတတ်စေရန်၊ အရေးအဖတ်ကျွမ်းကျင်စေရန်နှင့် လူတိုင်းစာပေဖတ်ရှုသင့်ကြောင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ရည်ဝင်းနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးတက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း