သတင်းများ

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမတံခွန်စိုက်ဖလားရရှိခဲ့သော ရှမ်းပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
Sep 12,2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမ တံခွန်စိုက်ဖလားရရှိခဲ့သော ရှမ်းပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြင့်ပွဲကို ယမန်နေ့ ညနေ (၆)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
မလှိုင်မြို့မှ ဒေသခံပြည်သူများအတွက် စားသုံးဆီပိဿာ(၃၉၆၀)ကို ဈေးနှုန်းချိုသာစွာဖြင့် လက်လီ ရောင်းချပေးခဲ့
Sep 12,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက် ဦးဆောင်၍‌ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိစေရန် မိတ္ထီလာခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ဝယ်ယူရရှိသော စားသုံးဆီများကို မလှိုင်မြို့ပေါ်ရပ်ကွက်  (၄)ရပ် ကွက်ရှိ ပြည်သူများအား  (၁)ပိဿာလျှင်(၄၇၀၀)ကျပ်ဈေးနှုန်းဖြင့် ယမန်နေ့က ရောင်းချ‌ပေးခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မြို့အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် အသက် (၉) ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များ အားသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးလုပ်ငန်း လမ်းညွှန်ဆွေးနွေးပွဲကျင်ပ
Sep 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ယနေ့နံနက် ( ၁၀ ) နာရီက ခရမ်းမြို့ ပြည်သူ့ ဆေးရုံအစည်းဝေးခန်းမတွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မန်တုံမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ဟိုခို၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Sep 12,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများမှ အခြေခံပညာအလယ်ကျောင်း(ခွဲ)၊ ဟိုခို၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် စာသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး တာဝန်ရှိသူများကစစ်ဆေး
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် တာဝန်ရှိသူအဖွဲ့သည် မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း စားသုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်(၃)ဆိုင်တွင် စစ်ဆေးခဲ့ကြသည်။
မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော “ ကလေးစိတ်ပညာ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 12,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်(၉:၃၀)နာရီ အချိန်က  ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၁)မှ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ကလေးစိတ်ပညာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အောင်ချမ်းသာ(ဘက)ကျောင်းရှိ မူလတန်းလွန် ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ်အတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 12,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး(၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်ညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာရုံး၌ကျင်းပရာ ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းငြိမ်းအေးက အဖွင့်အမှာစကားပြောကြားသည်။