သတင်းများ

စဉ့်ကိုင်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး
Sep 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့တွင် ယမန်နေ့နံနက်နံနက်(၇)နာရီက  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ဦးဆောင်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 12,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၉ နှစ်မှ ၁၂ နှစ်အရွယ် မိန်းခလေးငယ်များ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
ကမမောင်းမြို့၌ က​လေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show  ဆွေးနွေးပွဲကျင်းပ
Sep 12,2023
ကရင်ပြည်နယ်၊   ဖာပွန်ခရိုင်၊    ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းဆွေးနွေး
Sep 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ပေါက်‌ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမခန်းမ၌ ကျင်းပသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစိးဌာနမှ မြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သောကျောင်းသူများအားသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဇလွန်မြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့်စာသင်ကျောင်းများအတွင်း မြစ်ရေဝင်ရောက်၍ ယာယီကျောင်းပိတ်ထား
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွင်း ​​မြစ်ရေကြီးမြင့်ပြီး ရေဝင်ရောက်မှုကြောင့် အထက်တန်းအဆင့် (၃) ကျောင်း၊ အလယ်တန်းအဆင့် (၄) ကျောင်း၊ မူလတန်းအဆင့် ( ၇ ) ကျောင်း စုစုပေါင်း ( ၁၄ ) ကျောင်းရှိ ဆရာ ၊ ဆရာမ (၁၂၅ ) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၂၆၇) ဦး ယာယီကျောင်းပိတ်ထားပြီး မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများအား မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းပိတ်ထားရသည့်ရက်များအစား ကျောင်းပိတ်ရက်များ၌ ပြန်လည်အစားထိုး တက်ရောက်သွားမည်ဖြစ်ကြောင်း ​သိရသည်။
မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး
Sep 12,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၂ ရက်နံနက် ၇ နာရီက မုံရွာမြို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့် ရပ်ကွက်များတွင် လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။