သတင်းများ

ပခုက္ကူမြို့၌ ခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်လှစ်
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၅)ကို ဇူလိုင်လ ၂၁ ရက်မှစတင်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်စနစ်များ ကွင်းပြပွဲ တက်ရောက်
Jul 23,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး စိုက်စနစ်များ ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စနစ်ကျလယ်ယာမြေအဖြစ် ဖော်ဆောင်ထားသော စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသူသား၊ ကျောင်းသူများ၊ ဒေသခံတောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများ ဆောင်ရွက်
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များ စိုက်ပျိုး
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ လမ်းဘေးဝဲ/ယာတလျှောက် အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် အရိပ်ရပင်များ၊ ပန်းအလှပင်များစိုက်ပျိုးခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဏ္ဏဝတီလမ်းဘေးတလျှောက်တို့တွင် စက္ကူပန်းအလှပင်များစိုက်ပျိုးခြင်း၊ တောင်တွင်း-မကွေးလမ်းရှိ မြို့အဝင်ဆိုင်းဘုတ်အနီး လမ်း‌ဘေးဝဲ/ယာတွင် သပြေဘူတပန်းပင် (၁၀၀)ပင် စိုက်ပျိုးခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများဆောင်ရွက်
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၂၂) ရက်ညနေ (၃) နာရီ အချိန်၌ ဘိုကလေး-စက်ဆန်းကားလမ်း ပတ်ဝန်းကျင်နှင့် အမှတ် (၇) ရပ်ကွက် (၁၉)လမ်းတို့တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း)အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 23,2025
ကချင်ပြည်နယ် တနိုင်း​မြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရွာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့ တွင်   ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ပါသည်။
ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Youth  Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းကျင်းပ
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသော လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။