တောင်တွင်းကြီး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ လမ်းဘေးဝဲ/ယာတလျှောက် အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် အရိပ်ရပင်များ၊ ပန်းအလှပင်များစိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဏ္ဏဝတီလမ်းဘေးတလျှောက်တို့တွင် စက္ကူပန်းအလှပင်များစိုက်ပျိုးခြင်း၊ တောင်တွင်း-မကွေးလမ်းရှိ မြို့အဝင်ဆိုင်းဘုတ်အနီး လမ်းဘေးဝဲ/ယာတွင် သပြေဘူတပန်းပင် (၁၀၀)ပင် စိုက်ပျိုးခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်များစိုက်ပျိုးရန် မြေတူးခြင်း၊ စက္ကူပန်းအလှပင်များနှင့် သပြေဘူတပန်းပင် (၁၀၀)ပင် စိုက်ပျိုးခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းမှကြီးကြပ်၍ အဖွဲ့ဝန်ထမ်းများက မြို့နယ်အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)