တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း)အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနိုင်း ဇူလိုင်၂၃

ကချင်ပြည်နယ် တနိုင်း​မြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရွာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့ တွင်   ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ပါသည်။

တနိုင်းမြို့နယ်၌ ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime- Final ပွဲစဥ် (၁) ကို  ဇူလိုင်လ ၂၂ ရက်​နေ့တွင် မုန်ဒိန်ကောင်းရပ်ကွက်အသင်းနှင့် ပုန်ခုန်းကောင်းရပ်ကွက်အသင်းတို့အား ပြည်သူ့အားကစားကွင်းတွင် ယှဥ်ပြိုင်ကစားကြရာ မုန်ဒိန်ကောင်းရပ်ကွက်အသင်းမှ ၃ ဂိုး ဂိုးမရှိ​သောရလဒ်ဖြင့် ပုန်ခုန်းကောင်းရပ်ကွက်အသင်းကို အနိုင်ရရှိသွား​ပြီး မုန်ဒိန်ကောင်းရပ်ကွက်အသင်းအား ဗိုလ်လုပွဲတက်ရောက်သွားကြောင်း သတင်းသိရသည်။
မနောမြေ တနိုင်း