ပခုက္ကူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၅)ကို ဇူလိုင်လ ၂၁ ရက်မှစတင်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် မြို့နယ်တာဝန်ခံဦးစီးအရာရှိများက သတင်း၏အနက်အဓိပ္ပါယ်၊ သတင်းအချက်အလက်စုဆောင်းနည်း၊ သတင်းရေးသားနည်း၊ သတင်းဆောင်းပါးရေးသားနည်း၊ တွေ့ဆုံမေးမြန်းရာတွင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ သတင်းထောက်များလိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ၊ သဒ္ဒါအသုံးအနှုန်း၊ ဝါကျဖွဲ့စည်းပုံနှင့် စာလုံးပေါင်းသတ်ပုံမှန်ကန်ရေး၊ သတင်းမီဒီယာဥပဒေနှင့်နည်းဥပဒေများ၊ သတင်းကောင်းတစ်ပုဒ် တည်ဆောက်ရာတွင် ပါဝင်ရမည့်အချက်များအကြောင်းတို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ Online Zoom Meeting စနစ်ဖြင့် သင်ကြားပို့ချပေးရာ ပခုက္ကူခရိုင်ရုံးအပါအဝင် ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)