သတင်းများ

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နား
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ကြောင်း၊ သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်း ခရီးသည်တင် အမြန်ရေယာဉ်များ အားလုံးထွက်ခွာခွင့် လုံးဝ(လုံးဝ) မပြုပါကြောင်း ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်အား လာရောက်ကြည့်ရှုလေ့လာ
Jul 23,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် (၁၀) နာရီ၌ ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စာကြည့်တိုက်ကို အသုံးပြုတက်စေရန်ရည်ရွယ်၍  လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
မြစ်သားမြို့နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်များ ပြသ
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်များပြသခြင်းကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်အတွင်း အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းကန်ပေါင် မိတ္ထီလာမြောက်ကန်နှင့် မိတ္ထီလာ-မြင်းခြံ ကားလမ်းမအနီး အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့ကုန်သည်ပွဲစားစက်ပိုင်ကထိန်တော်အသင်း နှင့် ဒေသခံပြည်သူများက ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။
သစ်သီးဝလံများစိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်တင်ပို့ရောင်းချသည်အထိ တောင်သူအသိပညာပေးသင်တန်းဖွင့်လှစ်
Jul 23,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို-ရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်း၌ ဇူလိုင်၂၂ရက် နံနက် ၉ နာရီက သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်သည်မှရိတ်သိမ်းခူးဆွတ် တင်ပို့ရောင်းချသည်အထိ တောင်သူအသိပညာပေး သုံးရက်သင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အောင်မြေသာဇံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက မြို့မဈေးရှေ့တွင် လူသွားလူလားများအား ဆောင်ရွက်ခဲ့ပါသည်။
တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၃) ဆက်လက် ဖွင့်လှစ်
Jul 23,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၃) ကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တမူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂)အခြေခံပညာအထန်း‌ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့်ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ(ဒုတိယ)အကြိမ် ဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့  နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။