သတင်းများ

ကျောက်ဆည်မြို့၌ နားနှင့်အကြားအာရုံ အခြေခံစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက နားနှင့်အကြားအာရုံ အခြေခံစောင့်ရှောက်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပ
Jul 23,2025
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ(၃)နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံမြို့နယ်တောင်ဒဂုံအားကစားကွင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)တို့တွင် ကျင်းပခဲ့ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပေါင်းတည်၌ အစိုးရဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်
Jul 23,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အစိုးရဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ရက်များတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပေါင်းတည်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့်  UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Jul 23,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေး အချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့်  UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
မြိတ်မြို့ အ.ထ.က (၃) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လူငယ်စကားဝိုင်း ကျင်းပ
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနားလည်ပြီး ကြိုတင်ရှောင်ရှားနိုင်ကြစေရန် ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အ.ထ.က (၃) မြိတ်ပညာရတနာခန်းမတွင် ဇူလိုင်လ (၂၃) ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေး
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန်ပစ်မှုစနစ် သရုပ်ပြခြင်း အခမ်းအနားကျင်းပ
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာ Myanmar Mandalay Fuxin Steel Co.,Ltd တွင် ယမန်နေ့မွန်းလွဲပိုင်းက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်သရုပ်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နား
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ကြောင်း၊ သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်း ခရီးသည်တင် အမြန်ရေယာဉ်များ အားလုံးထွက်ခွာခွင့် လုံးဝ(လုံးဝ) မပြုပါကြောင်း ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။