လိပ်သိုဒေသတွင် ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

လိပ်သို ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ များပြားစွာ ပေါက်ရောက်လျက်ရှိနေကြောင်း သိရသည်။

ယခု မိုးရာသီကာလ ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါ်ချိန်တွင် ဒရင်ကောက် အရွက်နုများကို ဒေသခံပြည်သူများက လိုက်လံချိုးယူကြပြီး မိသားစုစားသုံးရန်အပြင် ပိုလျှံသော ဒရင်ကောက်ရွက်နုများကို ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

ဒရင်ကောက်ရွက်များကို ကြော်စား၊ သုပ်စား၍လည်းကောင်း၊ အသား၊ ငါး၊ ပုစွန် နှင့် ရောချက်၍လည်းကောင်း၊ ဟင်းရည်အဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ ဒရင်ကောက်ရွက်တစ်စည်းလျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း၊ ဒေသခံများမှာ ဒရင်ကောက်ရွက်များ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်